Search

Sunday, March 26, 2017

Microsoft .Net Framework Install လုပ်မရတဲ့ပြသနာဖြေရှင်းခြင်း (100%OK)



ဒီပြသနာကကွန်ပြူတာသုံးသူတိုင်းတစ်နေ့ကြုံတွေ့ရမယ့်ပြသနာလို့ပြောလို့ရပါတယ်။ဘယ်လိုကြောင့်ပဲဖြစ်ဖြစ်ဒီပြသနာကြုံလာခဲ့ရင်အဆင်ပြေပြေဖြေရှင်းနိုင်မယ့်နည်းလမ်းလေးပြန်မျှပေးလိုက်ပါတယ်။


လိုရင်းပဲပြောပြပါမယ်။
ပထမဆုံးအနေနဲ့ Control panel ကိုသွားပါ
ပြီးရင် Programs ကို Click ပါ
Turn Windows features on or off ကို Click ပါ၊အဲဒီမှာ Box တစ်ခုကျလာပါမယ်၊အဲဒီထဲမှာ Microsoft .Net စာသားပါတဲ့ကောင်တွေအားလုံးအမှန်ခြစ်ပေးပြီး OK ပေးပါ။
ပြီးသွားရင်ကွန်ပြူတာကို Restart ချလိုက်ပါ။




ကွန်ပြူတာ Window ပြန်တတ်လာတဲ့အခါ
C ထဲက Windows Folder ထဲကိုဝင်ပါ။
SoftwareDistribution ဆိုတဲ့ Folder ကိုရှာပြီး SDold လို့ Rename ပြောင်းပေးပါ။
ပြီးရင်ဖွင့်ထားတဲ့ Tab အားလုံးပိတ်လိုက်ပါ။




Window key နဲ့ R ကိုတွဲနှိပ်လိုက်ပါ။
Box လေးတစ်ခုတတ်လာရင် cmd လို့ရိုက်ထည့်ပြီး Enter ခေါက်ပါ။ပြီးရင်အောက်ပါ Commend လေးတစ်ကြောင်းရိုက်ထည့်ပြီး Enter ခေါက်ပေးပါ။

net start WuAuserv






ဒါဆိုရင်ရပါပြီ။ Install လုပ်လို့ မရတဲ့ Microsoft .Net Framework ကို Install လုပ်ကြည့်ပါ။အဆင်ပြေနေတာကိုတွေ့ရပါလိမ့်မယ်။















စေတနာသက်သက်နဲ့မျှဝေပါတယ် . . . . .
ဇော်မျိုးထက်


2 comments:

  1. Microsoft office တင်​ရင်​ error တက်​လာလို့ သိရင်​ ​ပြော ပြပါအုံး

    ReplyDelete