Search

Thursday, April 20, 2017

Android ဖုန်းတွေကို Recovery mode ဝင်ရန်ပုံသေနည်းများ


ဖုန်းအမျိုးအစားတစ်ခုခြင်းစီအတွက် Recovery mode ဝင်နည်းလာမေးတတ်တဲ့သူတွေရှိလို့ ကျနော်သုံးနေတဲ့ နည်းလမ်းလေးတွေမျှပေးလိုက်ပါတယ်။ စမ်းကြည့်ပေါ့ဗျာ / ကျနော့်မှာဟိုဖုန်းကိုဟိုလို Recovery mode ကိုဝင် / ဒီဖုန်းကိုဒီလို Recovery mode ဝင်ဆိုပြီးမှတ်ထားလေ့မရှိပါဘူး / အခုရေးပြထားတဲ့နည်းလမ်းတွေနဲ့ပဲစမ်းကြည့်လေ့ရှိပါတယ် / ဖုန်းအားလုံးရမယ်လို့လဲ အာမမခံပါဘူး / စိတ်ဝင်စားရင်စမ်းကြည့်ကြပေါ့

နည်းလမ်း (၁)
Power Key နဲ့ Volume+ ကိုပြိုင်ဖိပါ။
Recovery mode သို့ရောက်သွားပါလိမ့်မယ်။

နည်းလမ်း (၂)
Power key နဲ့ Volume - ကိုပြိုင်ဖိပါ။
Recovery mode သို့ရောက်သွားပါလိမ့်မယ်။

နည်းလမ်း (၃)
Power Key ကို ၄ စက္ကန့်လောက်ဖိထားပါ။
ပြီးရင်လွှတ်လိုက်ပါ။Power Key ကိုလွှတ်ပြီးတစ်ပြိုင်နက်ထဲမှာ Volume + နဲ့ Volume - ကိုပြိုင်တူဖိထားပါ။
Recovery mode ကိုရောက်သွားပါလိမ့်မယ်။

နည်းလမ်း (၄)
Power Key နဲ့ Volume - Key ကိုဖုန်းရဲ့ Logo ပေါ်လာသည်အထိဖိထားပါ။Logo ပေါ်လာတာနဲ့လွှတ်လိုက်ပါ။
တစ်ဆက်တည်းမှာပဲ Volume + Key ကို Android ရုပ်လေးပေါ်လာတဲ့အထိဖိထားပေးပါ။ Android ရုပ်လေးပေါ်လာတာနဲ့ Volume + ကိုတစ်ချက်ထပ်နှိပ်လိုက်တာနဲ့ Recovery mode ကိုရောက်ပါပြီ။

နည်းလမ်း (၅)
Power key ကိုဖိထားပါ၊Logo ပေါ်ခါနီးတာနဲ့ Volume - ကိုဖိထားပေးလိုက်ပါ၊
စက်ရုံပုံပေါ်ပါမယ်။ ပြီး ရင် power key ကိုနှိပ်ထားပါ။Power key ကိုမလွှတ်ပဲနဲ့ Volume + ကိုနှိပ်ပေးပါ။ Recovery mode ကိုရောက်သွားပါလိမ့်မယ်။

နည်းလမ်း (၆)
vol down + power ကိုနှိပ်ထားလိုက်ပါ ။ ပြီးလို့ logo လေးတက်လာပြီဆိုရင် vol up ကို Recovery mode ဝင်တဲ့အထိဖိထားလိုက်ရုံပါပဲ။

နည်းလမ်း (၇) သို့မဟုတ် Samsung ဖုန်းကို Recovery ဝင်နည်း
-----------------------------------------
Samsung ဖုန်းကို Recovery mode ဝင်မယ်ဆိုရင် Power key , Home key နဲ့ Volume+ key ကိုပြိုင်တွဲနှိပ်ရပါမယ်။
ဒါဟာ Samsung တွေကို Recovery mode ဝင်နည်းအတွက်ပုံသေနည်းဖြစ်ပါတယ်။

ဒါပေမယ့်တချို့ Samsung တွေကိုအထက်မှာရေးပြသလို Key တွေကိုပြိုင်နှိပ်လို့မရပါဘူး။
အဲဒီတော့ ဘယ်လို Recovery mode ကိုဝင်မလဲဆိုရင် ...
ပထမဆုံးအနေနဲ့ Power key ကို ၄ စက္ကနဲ့လောက်ဖိထားပါ။ပြီးရင်လွှတ်ပြီးတော့ Home key နဲ့ Volume + ကိုတွဲနှိပ်လိုက်ပါ။
စက်ရုပ်ပုံလေးပေါ်လာရင် Power key ကိုတစ်ချက်နှိပ်ပေးလိုက်ပါ / Recovery mode ထဲရောက်သွားပါလိမ့်မယ်။

သတိပြုရန်
=======

Recovery mode ထဲကိုရောက်ရင် Volume + / Volume - key များကိုအသုံးပြုပြီးအပေါ် / အောက် အတတ်အဆင်းပြူလုပ်ရပြီး Power key ကိုနှိပ်ပြီး လိုရာစာကြောင်းကိုအတည်ပြုပေးရတတ်သလို Power key Volume key များနဲ့ Home key , Back key , Menu key များကိုဖုန်းတစ်လုံးနဲ့တစ်လုံးမတူညီစွာအသုံးပြုပြီး အပေါ် / အောက် အတတ်အဆင်းပြုလုပ်ကြရသလို နဲ့ လိုရာစာကြောင်းကိုအတည်ပြုရန်ခလုတ်မှာလည်း Power key ရယ်လို့ပုံသေမှတ်မထားရပါဘူး။
(မှတ်ချက်။ ။ဖုန်းအမျိုးအစားတစ်ခုနဲ့တစ်ခု Recovery mode ဝင်ဖို့ Key တွေကွဲပြားခြားနားကြသလို / Recovery mode ထဲကိုရောက်သွားတဲ့အခါမှာလည်း လိုရာစာကြောင်းကိုရွေးချယ်ဖို့ / အတည်ပြုဖို့မှာ ဖုန်းတစ်လုံးနဲ့တစ်လုံးကွာခြားကြပါတယ်။ Key တွေကိုနှိပ်ရတဲ့အနေအထားတွေဟာလည်းအမျိုးမျိုးကွုပြားခြားနားကြတာကိုသတိပြုကြရမှာပါ။










စေတနာသန့်သန့်နဲ့ပြန်လည်မျှဝေပါတယ် . . . . .
ဇော်မျိုးထက်


No comments:

Post a Comment