Search

Thursday, April 27, 2017

Computer CPU Generation ခွဲခြားနည်း

Computer CPU Generation ကိုဘယ်လိုခွဲခြားရမလဲမသိသေးတဲ့ညီအစ်ကိုမောင်နှမတွေအတွက် Computer CPU Generation ခွဲခြားနည်းကိုကျွန်တော်နားလည်ထားသလိုလိုရင်းပဲပြောပြပေးပါမယ်။

ပထမဆုံးအနေနဲ့ My Computer ကို Right click ပေးပါ

ဒုတိယအနေနဲ့ Properties ကို Click ပါ

အဲဒီမှာကွန်ပြူတာမှာသုံးထားတဲ့ Hardware အစိတ်အပိုင်းတွေကိုမြင်တွေ့ရပါလိမ့်မယ်။

ဒါပေမယ့်ကျွန်တော်တို့တွေက CPU ကို Generation ခွဲခြားဖို့ပဲကြည့်မှာဆိုတော့ CPU ကိုပဲကြည့်ပါ။

အဲဒီမှာ ...

CPU က i5 - 6400 ဘာညာ ဘာညာပေါ့ဗျာ

i5 - နောက်က 6 ဆိုရင် 6 Generation ပေါ့ဗျာ

အဲလိုပဲပေါ့

i3 - 5005U ဆိုရင် i3 - နောက်က 5 ဆိုတော့ 5 Generation လို့သိထားရမှာပါ

အဲလောက်ဆိုရင်ကျွန်တော်သဘောပေါက်ထားသလိုပဲ Computer ရဲ့ CPU Generation ကိုဘယ်လိုခွဲရမယ်ဆိုတာကိုမသိသေးတဲ့ညီအစ်ကိုမောင်နှမတွေအနေနဲ့သိသွားလောက်ပြီလို့မျှော်လင့်ပါတယ်ဗျ။













စေတနာသန့်သန့်နဲ့မျှဝေပါတယ် . . .
ဇော်မျိုးထက်


No comments:

Post a Comment