Search

Wednesday, April 19, 2017

No Bootable Device ပြသနာဖြေရှင်းနည်း


အခုရက်ပိုင်းကျွန်တော်လည်း
ကွန်ပြူတာပြသနာတွေနဲ့ပဲကြုံနေရတယ်ဗျာ။

ကိုယ်ကဘာမှဖြစ်ဖြစ်မြောက်မြောက်မတတ်တော့တစ်ခု error တတ်ရင် Google လေးခေါက်လိုက် / Youtube မှာပြေးကြည့်လိုက်နဲ့ပဲအချိန်ကုန်နေခဲ့ရပါတယ် / မရရင် Fb ကဆရာတွေကိုမေးရတာပေါ့ဗျာ။

ဘာပဲဖြစ်ဖြစ် ဒီပြသနာဖြေရှင်းနိုင်တဲ့နည်းလမ်းလေးကျွန်တော့်လို Computer ကိုအခုမှစသုံးတတ်တဲ့ဘော်ဒါတွေကြုံလာခဲ့ရင်တိုင်မပတ်စေဖို့အတွက်ပြန်မျှလိုက်ပါတယ်။

၁။ ကွန်ပြူတာကိုပါဝါဖွင့်ပါ။

၂။ ဘာမှတတ်မလာခင် F2 သို့မဟုတ် Del key ကိုနှိပ်ပြီး BIOS ထဲကိုဝင်ပါ ( မှတ်ချက်အနေနဲ့ BIOS ကိုဝင်တဲ့ Key တွေတစ်ခုနဲ့တစ်ခုမတူပါဘူး)

၃။ BIOS ထဲရောက်သွားပြီဆိုရင် Boot ဆိုတဲ့ခေါင်းစဉ်အောက်ကိုသက်ဆိုင်ရာ (Arrow key/ဘေးခလုတ်) ကို နှိပ်ပြီးသွားလိုက်ပါ။

၎။ Boot mode နေရာမှာ UEFI ဆိုတာလေးရှိတယ် / အဲဒီ UEFI ဆိုတာလေးရွေးပြီး Enter တစ်ချက်ခေါက်လိုက်တဲ့အခါ Legacy ဆိုတာလေးပူးတွဲပေါ်လာပါမယ် / လိုရင်းပြောရရင် UEFI ကို Legacy လို့ပြောင်းပေးပါ။

၅။ Legacy လို့ပြောင်းပြီးရင် F10 ကိုတစ်ချက်နှိပ် >> ပြီးရင် Enter ခေါက်လိုက်ပါ။ကွန်ပြူတာဟာ Restart ကျသွားပါမယ်၊ပြန်တတ်လာရင်အဆင်ပြေပြီပေါ့ဗျာ။














စေတနာသန့်သန့်နဲ့မျှဝေပါတယ် . . .

ဇော်မျိုးထက်


No comments:

Post a Comment